မြန်အောင်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မြန်အောင် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေဆွမ်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးတင်မြိုင်နှင့်မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအုပ်စုနေ ပြည်သူများတွင် နိုင်မရှိသူများ တစ်ဦးချင်းအလိုက်အကွက်အပေါက်များ စိစစ်ခြင်း၊ မြေပြင်ကွင်းဆင်းကောက်ယူခြင်းမှ အလွတ်အထစများစီစစ်၍ လုပ်ထုံးလုပ်နည်းများနှင်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ပြုလုပ်ပေးခဲ့ပြီးနိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ်(မြန်အောင်)