မိုးညို မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ယနေ့နံနက်ပိုင်းက "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ရအရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မိကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ ဘဒ္ဒန္တတေဇဝန(မဟာဂန္ထဝါစကပဏ္ဍိတ)သည် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့(၂၄-၃-၂၀၂၄) တနင်္ဂနွေနေ့တွင် နိုင်ငံတော်မှဆက်ကပ်လှူဒါန်းအပ်သော "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ကိုအလှူခံယူပြီး မိုးညိုမြို့သို့ပြန်လည်ကြွချီလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ စတုပစ္စယ ဒါယကာ၊ ဒါယိကာမများ၊ မြို့မိမြို့ဖများအပေါင်းမှ သောင်းသောင်းဖြဖြ စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)