(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲ ကျင်းပ

မြန်အောင် မတ်  ၂၇

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက် လုပ်သော မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမင်းထက်က မြန်အောင်မြို့ (၄) ခန်းတွဲ (၄) ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဆောက်လုပ်မှူနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။ ထို့နောက်  မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)