သတင်းများ

ကျုံပျော်မြို့နယ် Community Centre တွင် နွေရာသီ အေရိုးဗစ် အားကစားသင်တန်း ဖွင့်လှစ်
Mar 27,2024
နွေရာသီ အားလပ်ရက်တွင် ကလေးများ အပန်းပြေစေရန်နှင့် ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်ရုံး Community Centre တွင် နွေရာသီအေရိုးဗစ် အားကစားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်
Mar 27,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ငပုတောမြို့၌ အခြေခံပညာ အလယ်တန်းနှင့်မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဋ္ဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်ရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီတွင်ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနတွင် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 27,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက Zoom Application ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Mar 27,2024
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
ထန်းတပင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ(၂၆)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အမှတ်(၄)ရပ်ကွက်၊ လင်းလက်ကြယ်စာကြည့်တိုက်နှင့် အေးရွာလေးကျေးရွာပညာ့လင်း ရောင်စာကြည့်တိုက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မင်းလှကျင်းကျေးရွာ လှည်းတန်းအဖွဲ့ကို ရွှေစက်တော်မန်းချောင်းအပန်ဖြေဆင်စခန်းက ဆင်လိမ်မာလေးများဖြင့် ပထမဆုံးအကြိမ် သွားရောက်ဂုဏ်ပြု ဧည့်ခံဖျော်ဖြေပေးခဲ့
Mar 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲသို့ လှည်းယာဉ် တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် ဘုရားဖူးသွားရောက်ခဲ့ကြသည့် မင်းလှကျင်းကျေးရွာမှ လှည်းတန်းအဖွဲ့များရှိရာသို့ ရွှေစက်တော်မန်းချောင်းအပန်ဖြေဆင်စခန်းက ဆင်လိမ်မာလေးများဖြင့် တပေါင်းလပြည့်နေ့က ပထမဆုံးအကြိမ် သွားရောက်ဂုဏ်ပြု ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း အဆိုပါဆင်စခန်းတာဝန်ခံထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုန်းသာ-တောင်မန်းကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Mar 27,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာ-တောင်မန်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။