ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်ထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရွှေပြည်သာ  မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေး‌နွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွန့်တို့ကပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ သတင်းမှားများနှင့် ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲသို့ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုရှိစက်ရုံပိုင်ရှင်များ၊ မန်နေဂျာများ၊ အလုပ်သမားခေါင်းဆောင်များ၊ ရပ်ကွက်/ကျေးရွာ(၈)ခုမှ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ သာဓုကန် စက်မှုဇုန်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များတက်ရောက်ကြပြီး တက်ရောက်လာကြသူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းကမ်းစာစောင်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)