သတင်းများ

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့တွင် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Mar 27,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ (၄)ခန်းတွဲ (၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ယာနှင့်အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းဆောင်သစ် ဖွင့်ပွဲအား  ယမန်နေ့ညနေ ၃ နာရီခွဲက  တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
မန္တလေးမြို့(၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 27,2024
မန္တလေးမြို့တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ(၂၆)ရက် မွန်းလွဲပိုင်းကကျင်းပရာ မန္တလေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင် များအသင်း၊ ပုဂ္ဂလိကဆေးရုံအသင်း၊ ကိုယ်ပိုင်ကျောင်းများအသင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ်
Mar 27,2024
၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ အဆိုပါဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်က ကုန်းတန်းပုတ္တကျေးရွာအုပ်စု၊ မူကြို၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြင်းကဆိပ်ကျေးရွာအုပ်စု၊ မြင်းကဆိပ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 27,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်
Mar 27,2024
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ(၂၆)ရက် မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ မှအမှတ်(၆)ရပ်ကွက် နဝဒေးခန်းမတွင် မတ်လ(၂၅)ရက်နေ့ (၁၁)နာရီ၌ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။