မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

မြဝတီ မတ် ၂၇

ကရင်ပြည်နယ်၊  မြဝတီမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  မြို့နယ်အဆင့်  အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့က အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက မူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း  ဖွင့်လှစ်ပေးခြင်းအားဖြင့် စွမ်းရည်မြှင့်မားပြီးထူးချွန်ထက်မြတ်သော ကျောင်းသား၊ ကျောင်းသူများစွာ   ပေါ်ထွက်လာစေလိုကြောင်း၊   သင်ကြားသင်ယူမှု  အပိုင်းတွင်လည်း   ဆရာအရည်အချင်း၊ အရည်အသွေး တိုးတက်ကောင်းမွန်ပြီး  ပြည့်ဝစေလိုကြောင်း နှင့် စနစ်သစ်ပညာရေး၏  အဓိကမဏ္ဍိုင်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များစွာ ပေါ်ထွန်းလာစေရေး တို့အတွက်   ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  အဖွင့်အမှာ စကားပြောကြားသည်။

အဆိုပါသင်တန်းကို  မြို့နယ်ပညာရေးမှူး  ဦးမြင့်ဦး၏   ဦးဆောင်ကြီးကြပ်မှုဖြင့် မြဝတီမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ/ဆရာမ (၃၈၅) ဦးတို့အား နည်းပြ (၂၆) ဦးကလည်းကောင်း၊  အလယ်တန်းအဆင့်   ဆရာ/ဆရာမ (၂၃၈) ဦးတို့အား  နည်းပြ  (၂၄) ဦးကလည်းကောင်း  သက်ဆိုင်ရာ ဘာသာရပ်အလိုက် မတ် (၂၅)  မှ (၃၀) ရက်နေ့ထိ နံနက် (၉) နာရီမှ  ညနေ (၄) နာရီ ထိသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)