သတင်းများ

ပန်းတနော်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်း၊ ရေကန် ရေစက်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်း၊ ရေကန်၊ ရေစက်ရုံနှင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ဆပ်သေကျေးရွာအုပ်စု ရေကန်စုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူး၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၄နာရီက အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ကျင်းပခဲ့‌ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သဲကုန်းမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Mar 27,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မတ်လ(၂၇)ရက်နေ့က သဲကုန်းမြို့နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးတိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည် နွေစပါးမြေသြဇာကြဲပက်ပွဲနှင့် ပြည်စုံအောင်မြင်ဆန်စက်အား ကြည့်ရှုအားပေး
Mar 27,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၈ နာရီခွဲက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန် ကျေးရွာ၌ ပြုလုပ်သော ၂၀၂၄ ခုနှစ်၊နွေစပါး​မြေသြဇာကြဲပက်ပွဲကိုတက်ရောက်ကြည့်ရှု အားပေးကြသည်။
တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ ကျင်းပ
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ၃နာရီ မိနစ်၃၀အချိန်က အုန်းပင်စုရပ်ကွက် ၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန(ခ)အဆင့် အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ကြိမ်၊ ဝါးအ​ခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ
Mar 27,2024
ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား​ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေး​အေဂျင်စီ (MSME Agency)က ကြီးမှူး၍ ​ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ တိုင်း​ဒေသကြီးအတွင်း ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​လာစေ​ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ​ဖြစ်ထွန်း​ပေါ်​ပေါက် လာစေရန်ရည်ရွယ်၍  ယမန်နေ့က ကြိမ်၊ ဝါးအ​ခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။   
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 27,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့နယ် ညောင်ပင်ကျေးရွာ၊  အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သနပ်ပင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ ဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြာပွဲကို ယမန်‌နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။