ထန်းတပင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ရန်ကုန်) မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ(၂၆)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အမှတ်(၄)ရပ်ကွက်၊ လင်းလက်ကြယ်စာကြည့်တိုက်နှင့် အေးရွာလေးကျေးရွာပညာ့လင်း ရောင်စာကြည့်တိုက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ရန်ကုန်တိုင်း ဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်(၂)တိုက်တို့အတွက် စာအုပ်များကို ရန်ကုန်တိုင်း စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် (မြောက်ပိုင်းခရိုင်တာဝန်ခံ) ဦးဘိုကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဒေါ်ခင်ငြိမ်းငြိမ်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးနှင့် တာဝန်ရှိသူများ လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် (မြောက်ပိုင်းခရိုင်တာဝန်ခံ) ဦးဘိုကြည်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများ အမှတ်(၄)ရပ်ကွက်ရှိ လင်းလက်ကြယ်စာကြည့်တိုက်နှင့် အေးရွာလေး ကျေးရွာပညာ့လင်းရောင်စာကြည့်တိုက်နှစ်တိုက်သို့သွား ရောက်ကာ စာကြည့်တိုက်ဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီးစာကြည့်တိုက်နှစ်တိုက်တို့မှ စာကြည့်တိုက်မှူးများနှင့်တွေ့ဆုံ၍လည်းစာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)