ထားဝယ်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနတွင် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ထားဝယ်  မတ် ၂၆

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက Zoom Application ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ရုံးစာများရေးသားရာတွင် အရေးပါသောအချက်အလက်များအား အထူးပေါ်လွင် ထင်းရှားစေပြီး သက်ဆိုင်သူများ ဂရုပြုမိစေရန်နှင့် သတ်မှတ်ထားသည့်နည်းစနစ်များအတိုင်း တိုတောင်းရှင်းလင်း၍ တိကျပြတ်သားစွာ စနစ်တကျရေးသားနိုင်ရမည်ဖြစ်ကြောင်း၊ ရုံးစာများသည် တစ်ခုနှင့်တစ်ခု ပုံစံအားဖြင့် ခြားနားနေသော်လည်း အထားအသိုရေးသားပုံများ တစ်ပုံစံတည်းဖြစ်ရမည်ဖြစ်ကြောင်း၊ ရုံးစာများကို ရုံးလုပ်ငန်းလက်စွဲပါသတ်မှတ်ချက်အတိုင်းရေးသားရန်၊ ကွန်ပျူတာစာစီရာတွင်သတ်မှတ် ချက်အတိုင်းစနစ်တကျရှိစေရန်၊ ရုံးလုပ်ငန်းလက်စွဲ အခန်း(၄)ပါ သတ်မှတ်ချက်များအတိုင်းရေးသားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ဒုတိယညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်နုက  ခရိုင်အတွင်းရှိဝန်ထမ်းများအား  စာတမ်း၊ အကျဉ်းချုံးစာ၊ အတိုချုံး ရေးစာ၊ စာပေး စာယူ၊ အမိန့်နှင့်ညွှန်ကြားချက်၊ အစည်းအဝေးမှတ်တမ်း၊ ခရီးသွားမှတ်တမ်း၊ လုပ်ငန်းမှတ်တမ်း၊ လုပ်ငန်းစီမံချက်စသည့်တို့ကို မတ် ၂၇ ရက်နေ့အထိ ရှင်းလင်း ဆွေးနွေးပို့ချပေးမည်ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)