မင်းလှမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများ ကျင်းပပေးလျက်ရှိ
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီကစတင်၍ အခြေခံပညာအထက်တန်းကျောင်း (မြို့ပြင်) တွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။