ချောင်းဆုံမြို့နယ်၌ (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် (DT)ဆုံဆို့၊ မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ(၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ (၅)ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်း၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့အထိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ကျောင်းသူ(၇၁၈)ဦး ၊ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသားများအား ဆုံဆို့၊ မေးခိုင်(DT) ကာကွယ်ဆေး (၁၆၁၂)ဦးတို့ကို ထိုးနှံနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ဒီဇင်ဘာ(၆)ရက်နေ့အထိ ကျောင်းသူ(၁၁၆၀)ဦးနှင့် ကျောင်းသား(၂၃၈၈)ဦးတို့အား ထိုးနှံပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)