ဘိုကလေးမြို့နယ်အခြေစိုက် တော်ဝင်ဧရာကလပ်မှ ရိုးရာလက်ဝှေ့ကျော်သန့်ဇင် ONE Championship MMA အဖွဲ့အစည်းနှင့် လက်တွဲ၍ ထိုင်းနိုင်ငံတွင်ပွဲဦးထွက်ထိုးသတ်မည်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက် တော်ဝင်ဧရာကလပ်၏ ပြယုဂ် ဖြစ်သူ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်းဆုံး လက်ဝှေ့သမားဆုရှင်၊ ၂၀၂၀ ခုနှစ် ကရင်ပြည်နယ် ပထမအောင်လံဆုရှင်၊ ၂၀၂၃ခုနှစ် SKY NET ရွှေအောင်လံဆုရှင်၊ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပသည့် ခွန်ခမာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်နွှဲခဲ့သော သန့်ဇင် (တော်ဝင်ဧရာ) အနေဖြင့် နိုင်ငံတကာမှ ကိုယ်ခံပညာရပ်ပေါင်းစုံ ကစားသမားဖြင့် ကိုယ်ခံပညာရပ်ပေါင်းစုံ ယှဉ်ပြိုင်ပွဲများ၊ မွေထိုင်းလက်ဝှေ့ယှဉ်ပြိုင်ပွဲများ၊ ကစ်ဘောက်ဆင်ပွဲစဉ်များ၊ နပမ်းပွဲများ စီစဉ် ကျင်းပလျက်ရှိသော ONE Championship MMA အဖွဲ့အစည်းနှင့် ယခုနှစ်အတွင်း၌ လက်တွဲစာချုပ်ချုပ်ဆို၍ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ည (၇)နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံတွင် ပွဲဦးထွက် အနေဖြင့် ထိုးသတ်သွားမည်ဖြစ်သည်။