သတင်းများ

မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ဖြေဆိုလျက်ရှိ
Dec 06,2024
မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပလျက်ရှိရာ အခြေခံပညာကျောင်းများမှ Grade -9 မှ Grade-12 အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များ   ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်
Dec 06,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေး ကျန်းမာရေးဌာနတွင် ဒီဇင်ဘာ ၄ ရက်နေ့နံနက် ၈ နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်း(MRTV)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်း(MRTV)တွင်  ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၄)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Dec 06,2024
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၄) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့(၁၀/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဟတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဦးနှောက်အာဟာရပြည့်ဝစေဖို့ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြား​ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄) နှစ်သင်ပညာရေး သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
Dec 06,2024
ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄)နှစ်သင်ပညာရေးသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ဒီဇင်ဘာ(၄)ရက်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လက်ပံတန်းမြို့ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေး‌ကြည့်ရှုစစ်ဆေး
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအားကြည့်ရှုအားပေး
Dec 06,2024
ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် နေ့စဉ်စားသုံးနေရသော စားဖိုဆောင်သီးနှံ ဟင်းသီး ဟင်းရွက်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများမှ သန့်ရှင်းလတ်ဆက်သော သီးနှံများကို သက်သာသောနှုန်းထားဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်စေရန် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့်ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာ၊ ဆယ်အိမ်စုရှိ စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။