အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေး ပလတ်စတစ် Campaign ဆောင်ရွက်

အိမ်မဲ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေးအတွက် ပလတ်စတစ် Campaign ကို မြို့နယ်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့အဝင်လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှစုပေါင်း၍ အဖွဲ့များခွဲကာ အိမ်မဲမြို့အဝင်လမ်းဆုံနေရာလမ်းဘေးဝဲယာတစ်လျှောက်မှ အမှိုက်များကိုစုပေါင်းကောက်ကြပြီး အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် Clean City ဖြစ်လာစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို အပတ်စဥ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)