ရမည်းသင်း ဒီဇင်ဘာ ၈
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ဝဏ္ဏသိဒ္ဒိ အားကစားကွင်းအတွင်းရှိ လက်ဝှေ့ရုံ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက လက်ဝှေ့ရုံ၌ ဒုတိယနေ့လက် ဝှေ့ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလက် ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး (၅၂)ကီလို ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ (၅၄)ကီလိုဧရာဝတီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်၊ (၅၇) ကီလို နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒသကြီးနှင့် ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသီးသီးယှဉ်ပြိုင်ကြသည်။
ဆက်လက်၍ အမျိုးသား(၅၇)ကီလိုရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် နေပြည်တော်၊ ကရင်ပြည်နယ်နှင့်မန္တလးတိုင်း၊ အမျိုးသား (၇၁)ကီလို တနင်္သာရီတိုင်းနှင့်မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင့်စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့်မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်