ကျုံပျော် ဒီဇင်ဘာ ၈
ပြည်သူများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းမကျေရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က အင်းမကျေးရွာ အ-လ-က ရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးနှင့်၊ သက်ရှည်ကျန်းမာအောင်စားသောက်နေထိုင်နည်း စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောပြီး မိမိတို့ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအားသတင်းစကား ဖြန့်ဝေခဲ့သည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဦးဆောင်သည့် ကွင်းဆင်း ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး အခမဲ့ ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)