မော်လမြိုင် ဒီဇင်ဘာ ၈
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ယမန်နေ့နံနက်ပိုင်းက ခရိုင်မီးသတ် ဦးစီးမှူးရုံးတွင်ကျင်းပခဲ့ရာ ခရိုင်အတွင်းရှိ သင်တန်းသား(၁၆)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် မွန်ပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ရဲဗလဦးမျိုးဝင်းမှ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် သင်တန်းမှာ အဆင့်မြင့် မီးငြိမ်း သတ်ရေးဆိုင်ရာ သင်ခန်းစာများ၊ အန္တရာယ်ရှိ ဓာတုဗေဒအကြောင်းနှင့် နိုင်ငံတဝန်းလုံးမှာ တိုးမြှင့်တည်ဆောက်လာတဲ့ စက်ရုံ၊ အလုပ် ရုံ၊ ဟိုတယ်၊ မိုတယ်၊ အထက်မြင့် အဆောက်အဦးတွေကို မီးဘေး လုံခြုံရေး နဲ့ အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ ရှုထောင့်တွေကနေ အဆောက်အအုံများရဲ့ Structural Design နဲ့ ကိုက်ညီတဲ့ ထည့်သွင်း တပ်ဆင်တည်ဆောက်ရမယ့် ခေတ်မှီ Fire Protectin System များအကြောင်းကို နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် မီးဘေးလုံခြုံရေး အထူးအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးမှ သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး သင်ခန်းစာများအား ဆက်လက် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များမှဦးစီးအရာရှိ၊ ဒု-ဦးစီးမှူး၊ လက်ထောက်ဦးစီးအဆင့်ရှိ တပ်ဖွဲ့ဝင်(၁၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၄ ရက် ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)