ပူတာအိုမြို့၌ (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကျင်းပ

ပူတာအို ဒီဇင်ဘာ ၈

၂၀၂၄-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ရဝမ်အမျိုးသား နေ့စိန်ရတု အထိမ်းအမှတ်အကြို မာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံမှ စတင်တာထွက်သည်။

မာရသွန်အပြေးပြိုင်ပွဲတွင် ကျား(၈၇)ဉီး၊ မ(၄၈)ဉီးတို့က လေယာဉ်ကွင်းလမ်းဆုံမှတဆင့် မချမ်းဘောလမ်း မကပ်မုံလမ်းခွဲအထိ၊ မကပ်မုံလမ်းခွဲမှတဆင့် လေယာဉ်ကွင်းလမ်းဆုံ၊ လေယာဉ် ကွင်းလမ်းဆုံမှတဆင့် ရဝမ်အမျိုး သားဉယျာဉ်အထိ အသွား/အပြန် (၁၂)မိုင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ကျား/မ ပထမ၊ ဒုတိယ၊ တတိယဆု၊ ကျား/မ နှစ်သိမ့်ဆု (၁၄)ဆုစီ၊ ကျား/မအသက်အကြီးဆုံးယှဉ်ပြိုင်ဆု၊ ကျား၊ မ အသက်အငယ်ဆုံး ယဉ်ပြိုင်ဆုတစ်ဉီးစီဆုများကို မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဉီးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ(၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ်အကြို မာရသွန် အပြေးပြိုင်ပွဲတွင် ပထမကဆု ကျပ်ငါးသိန်း(ကျား၊ မ)၊ ဒုတိယဆု ကျပ်သုံးသိန်း (ကျား၊ မ)၊ တတိယဆု(ကျား၊ မ) ကျပ် နှစ်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်(ပြန်/ဆက်)