ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ဒဂုံအရှေ့  ဒီဇင်ဘာ ၈

ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်သည့်အလေ့အကျင့်ကောင်းများရှိလာ​ရေးနှင့် ကျန်းမာကြံ့ခိုင်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ စုပေါင်းလမ်းလျှောက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စုရပ်ပြုလုပ်၍ ရွာသာကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထိ မင်းရဲကျော်စွာလမ်းမကြီးနှင့် အင်းဝလမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ခန့်ပါဝင်ခဲ့ကြောင်းသိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)