ထန်းတပင်(ပဲခူး)ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ပြင်ပပေါက်ဈေးထက်သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက်ရည်ရွယ်၍ အောင်သုခရပ်ကွက်၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ရွေ့လျားမော်တော်ယာဥ်ဖြင့် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်း ချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများလက်ဝယ်သို့ ပြင်ပပေါက်ဈေးထက်သက်သာသောနှုန်းထားဖြင့် ဆန်တစ်ပြည်လျှင် ( ၃၀၀၀ )ကျပ် ၊ စာသုံး ဆီတစ် ပိဿာလျှင်( ၈၂၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄ဝဝ)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)