ပူတာအိုမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုလမ်းလျှောက်ပွဲ အင်အား(၅၀၀)ကျော် ပါဝင်ဆင်နွဲ

ပူတာအို ဒီဇင်ဘာ ၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင် သောဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၄-ခုနှစ် ယမန်နေ့နံနက် (၅)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဉီး စီးဌာနရုံးရှေ့စုရပ်မှ စတင်ထွက်ခွာသည်။

စုပေါင်းလမ်းလျှောက်ပွဲတွင် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ များ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အား ကစားဝါသနာရှင် ပြည်သူစုစုပေါင်းအင်အား(၅၀၀)ကျော်တို့က စုရပ်ဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးရှေ့မှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်ပြန်/ဆက်လမ်းဆုံ၊ ခရိုင်ပြန်/ဆက်လမ်းဆုံမှတဆင့် ဖုန်ကန်ရာဇီခန်းမ၊ ဖုန်ကန်ရာဇီခန်း မှတဆင့် ခရိုင်ပြည်သူ့ဆေးရူံလမ်းမကြီးအတိုင်း ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံ၊ အောက်ချိုင့် လမ်းဆုံမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်ပြည်သူ့အားကစားကွင်းသို့ စုပေါင်းလမ်း လျှောက်ပွဲဆင်နွဲခဲ့ကြသည်။

အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်း ဉီးဆောင်သည့် လူထုစုပေါင်းလမ်း လျှောက်ပွဲအဖွဲ့သည် ခရိုင်ပြည်သူ့အားကစားကွင်း၌ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ (ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)(၂)နှင့် Physical Fitness Dance အကများဖြင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တပျော်တပါး စုပေါင်းဆင်နွဲခဲ့ကြသည်။

ထို့နောက် ၂၀၂၄-ခုနှစ် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျောက်ပွဲအထိမ်းအမှတ် မီတာ(၁၀၀)(မ)အပြေးပြိုင်ပွဲ၊ ကျား တစ်ဉီးချင်းဘောလုံးစွမ်းရည်ယှဉ်ပြိုင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ဘုန်းလက်ရာသစ်(ပြန်/ဆက်)