နတ်မောက်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆောင်ရွက်

နတ်မောက် ဒီဇင်ဘာ ၁၀     

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက်  ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။                  

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များဖြင့် ဈေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး၊ ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုမပြုလုပ်ကြရန်၊ ပလတ်စတစ်ပစ္စည်းများအစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူများဖြင့်သာ ထုတ်ပိုးရောင်းချခြင်း၊ ဝယ်ယူခြင်းများပြုလုပ်ရန်၊ သန့်ရှင်းလတ်ဆတ်သန့်ရှင်းသော အသား၊ ငါး၊ အသီးအရွက်များရောင်းချရန်စသည့် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍ ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ငှက်ပျော်ဖက်၊  အင်ဖက်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း