သတင်းများ

မိုင်းယန်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသ
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရေးရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန်ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက လူထုအခြေပြုဗဟိုဌာ၌ ပြုလုပ်သည်။
ကျိုက်လတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာ၌ ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၇) အ.ထ.ကတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 10,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူတမ္ပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) စာမေးပွဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အလယ်တန်းအဆင့်(Grade-9)စာမေးပွဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ကျေးသီးမြို့တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Dec 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်နှင့် (၁၀)နှစ် ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီက ကန်ပန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)တွင် ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့၌ လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွဲ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကို ယမန်နေ့ နံနက် (၈) နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ပို့ချ
Dec 10,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အရည်အသွေးမြင့်မားလာစေရန်နှင့် ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ဥပဒေ/ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် စွမ်းရည်မြင့်မားရေး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်
Dec 10,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။