မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ FL-12 လိုင်စင် ရရှိသူများအား ယစ်မျိုးဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကျင်းပပြီး ဟောင်ကြန့်အုပ်စု၊ ယမ်းခမ်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဧဒင်နွားမွေးမြူရေးခြံတွင် နွားမွေးမြူထားရှိမှု၊ နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုနှင့် ငါးမွေးမြူထားရှိမှု၊ မုန်းလိုက်အုပ်စု၊ ဖတ္ထူကျေးရွာတွင် ထုံးလိုင်စင်လျှောက်ထားသည့်မြေနေရာအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)