သတင်းများ

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲ ပြုလုပ်
Dec 10,2024
ခရစ်သက္ကရာဇ် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr မာတင်ဝင်းဦး၏ အဖွင့် ဆုတောင်းမေတ္တာနှင့် Grade-8 နှင့် Grade-9 မှ ကျောင်းသား/ကျောင်းသူတို့၏ “ လောကဝမ်းမြောက် ဘုရားကြွလာ” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။
စလင်းမြို့၊ မြို့မစည်ပင်သာယာစျေး၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးသိပညာပေး
Dec 10,2024
သက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် မိမိတို့ဒေသထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်နှင့် စက္ကူအိတ်များကို အသုံးပြုနိုင်ရေးအသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်အိတ်သုံးစွဲမှုများလာ၍ လေထုညစ်ညမ်းမှုများကြောင့်လျော့ချသုံးစွဲရန် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့မစည်ပင်သာယာစျေးတွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း   သိရှိရသည်။
ပြင်ဦးလွင်မြို့ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “မျှ‌ဝေလိုသောအတွေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆင်လမ်း အခြေခံပညာအထက်တန်း ကျောင်းစာကြည့်တိုက်၌ ကျင်းပ သည်။
ခန္တီးမြို့၌ သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများထိုးနှံပေး
Dec 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို မြို့ပေါ်ကျောင်းများဖြစ်သည့် အ.ထ.က(ခွဲ)မြို့မ၊ အ.မ.က(၁)သာစည်၊ အ.မ.က(၃)ပေါမိုင်း၊ အ.မ.က(၅)အောင်သာ၊ ဘ.ကကျောင်းများမှ အသက်(၅)နှစ်မှ (၇)နှစ်အရွယ်ကလေးများကို ဆုံဆို့မေးခိုင်ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ်မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလည်းကောင်း ယမန်နေ့နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
ပိုင်ကျုံမြို့ မူ (လွန်) မိုးနိုင်းကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်  ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 10,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့ ၌ မီးဘေးလုံခြုံရေး အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်‌နှိပ်ခြင်း ဆောင်ရွက်
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်နှိပ်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ကျွန်းစုမြို့ ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့ အ.မ.ကဥယျာဉ်ကုန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟော‌ပြောပွဲနှင့် နံရံကပ် စာအုပ်စာစောင် ပြပွဲ အခမ်းအနား ကျင်းပ
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.မ.ကဥယျာဉ်ကုန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟော‌ပြောပွဲနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ‌ကျောင်းသူ (၁၀၅)ဦး တက်ရောက်ခဲ့ကြသည်။