မဟာအောင်မြေမြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မဟာအောင်မြေ ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဒီဇင်ဘာ (၉) ရက်နေ့က  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်စိုးတို့မှ အသက် ၁၀ နှစ် ပြည့်ပြီးသူ (၄) ဦးနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ (၁၇၁)ဦးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးပြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ မရှိသေးသော ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း