မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင် ရတနာပုံတက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနား ကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၀

အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင်၊ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမာက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ စီမံအရာရှိများ၊၊ စီမံဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင်က “အမှုထမ်း၊ အရာထမ်းများ သိရှိထားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခြင်း၊ ပြဋ္ဌာန်းချက်များ၊ နိုင်ငံ၏လျှောက်လှမ်းနေသည့် လမ်းစဉ်များကို ပြည့်ပြည့်ဝဝ ရေးသားဖော်ဆောင်နေသည့် အခြေခံမူများ၊ ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီး သုံးရပ်သည် လူမှုအဖွဲ့အစည်းတွင် အရေးပါမှု အကြောင်းအရာများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပါ အကြောင်းအရာများ၊ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာများ၊ နိုင်ငံသားအခွင့်အရေးများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ၊ အထွေထွေပြဋ္ဌာန်းချက်များ၊  လွှတ်တော်အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှု၊ လုပ်ငန်းတာဝန်များ စသည့်အကြောင်းအရာများကို  အသိပညာပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အရာထမ်း၊ အမှုထမ်း ၃၈၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)