မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသော "လူငယ်နှင့် ယဥ်ကျေးမှုတန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှု့သည့်အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်​ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက "လူငယ်နှင့် ယဥ်ကျေးမှုတန်ဖိုး"၊ "ယဥ်ကျေးမှုနှင့်လူငယ်"၊ "ယနေ့လူငယ်နှင့် မြန်မာ့ယဥ်ကျေးမှု"၊ "လူငယ်တွေလက်ခံနေတဲ့ယဥ်ကျေးမှု"၊ "ယဥ်ကျေးမှုတန်ဖိုး"စသည့် စာအုပ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု့ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့်တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)