သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကြည့်ရှုအားပေး
Dec 10,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ကြည့်ရှုအားပေးကြသည်။
ကျေးသီးမြို့တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် အသက် (၅)နှစ်မှ (၇)နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ပန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)တွင် ဆောင်ရွက်ခဲ့သည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ
Dec 10,2024
ကျိုက်မရောမြို့နယ်ပညာရေးဌာနမှ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုက်မရောမြို့မအားကစားပြိုင်ကွင်း၌ ကျင်းပခဲ့သည်။
ဒုတိယရှမ်းပုဂံဟု တင်စား‌‌သော ဘုရားစေတီပုထိုးများ ပေါကြွယ်လှသည့် မိုးနဲမြို့နယ်သို့ လာရောက် လည်ပတ်သူများပြား
Dec 10,2024
မိုးနဲမြို့နယ်သည် ဘုရားစေတီပုထိုးများ ပေါကြွယ်လှပြီး ပြည်တွင်းခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်သော အလည်အပတ်နေရာ တစ်ခုဖြစ်ပါသည်။
မိုင်းဖြတ်မြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန၌ လူငယ်​ရေးရာအသိပညာ​ပေး​​ဟော​ပြောပွဲ ကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေးဟော​ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
ဖြူးမြို့နယ်၊ ကညင်မြောင်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ညောင်ပင်သာကျေးရွာအုပ်စု၊ ကညင်မြောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှု​များ ဆောင်ရွက်ပေး
Dec 10,2024
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနနှင့် ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံတို့ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု​များ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှု​ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းပြုလုပ်
Dec 10,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။