ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဗဟန်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၂ က အမှာစကားပြောကြားကာ ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-10 A မှ မောင်ခန့်ဇင်ထွဋ်က လူငယ်နှင့်အားကစား၊ Grade-10 A မှ မောင်မိုး​ဝေစိုးက လူငယ်နှင့်နည်းပညာ၊ Grade-11 A မှ မောင်အောင်မျိုးခန့်က လူငယ်နှင့်ကျန်းမာရေး၊ Grade-10 A မှ မမြတ်ဝတ်ရည်မောင်က လူငယ်နှင့်စာပေ၊ Grade-10 B မှ မဖြူစင်သန့်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade - 10 A မှ မချောရတနာရွှေက လူငယ်နှင့်ပညာစသည့်အကြောင်း အရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကိုကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များ လှူဒါန်းပေးအပ်ရာကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ စာရေးဆရာမတင့်တယ်ခင်က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ပြန်ဆက်)