ဒေးဒရဲမြို့၌ ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့ချ စိုက်ပျိုးပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေးရည်ရွယ်၍ ဆောင်းနေကြာမျိုးစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက တညင်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၂၂-က)၊ ဦးပိုင်အမှတ်(၄၊ ၄.၄၊ ၁၀)ရှိ တောင်သူဦးမြင့်မောင်၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်းနေကြာမျိုးစေ့ချစိုက်ပျိုးပွဲအား ဖျာပုံခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းနေကြာစိုက်ဧရိယာ (၅)ဧကတွင် (သြဇီ-၂) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိထားဆောင်ရွက်လျက်ရှိသည့် မြို့ဖြစ်သည့်အညီ ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် နွေစပါး (၇၆၇၈၀)ဧက၊ ဆောင်းနေကြာ(၃၂၀)ဧကနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း