ပိုင်ကျုံ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးအုပ်စု ညာပရောကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/သူများက ကျောင်းကမ္ဘာ့ဆင့်မီပညာရည်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်းမှ ကျောင်အုပ်ဆရာမကြီးက ကျောင်း တစ်ကျောင်းဖွံ့ဖြို့းတိုးတက်ဖို့အတွက် မိဘ/ဆရာ/ကျောင်းသား စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ မိုးနိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကာကာမှ ရပ်ရွာအေးချမ်း သာယာ ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသည် အလွန်အရေး ကြီးကြောင်း အသီးသီးအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲဖြစ်မြောက် ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့် အလှူရှင်များ/ကျောင်သား မိဘများကို ပိုင်ကျုံမြို့ မူ(လွန်)မိုးနိုင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာ ဖြေဆိုအောင်မြင် သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ သည်။
ထို့နောက် မူ(လွန်)မိုးနိုင်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော် ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)