ဟင်္သာတမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့က မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်းများ၊ ဗလီများ ၊ သီလရှင်ကျောင်းများ ၊ဘုန်တော်ကြီးကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စျေးများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။