ခမောက်ကြီး ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ(၁၃)ရက်နေ့မှ စတင်ဖြေလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ ရပ်ကွက်၊ကျေးရွာများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများစသည့် ပူးပေါင်းအဖွဲ့များက စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စာမေးပွဲဖြေဆိုခြင်းကို ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4 ကျောင်းသား/ကျောင်းသူများက တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီ ၁၅ ရက်အထိလည်းကောင်း၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ၊ Grade-12 မှ ကျောင်းသား/ကျောင်းသူများက တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (KG မှ Grade-3) အပါအဝင် (Grade-4 ၊ Grade-6၊ Grade-7၊ Grade-8 ၊Grade-10 ၊Grade-11၊ Grade-12) မှ ကျောင်းသား/သူ (၆၇၆)ဦးရှိပြီး နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်ဆေးခြင်းစာမေးပွဲအား (Grade-5 ၊ Grade-9) မှ ကျောင်းသား/ သူများက ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် တစ်ရက် တစ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)