သတင်းများ

မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံဆွေးနွေး
Feb 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်၊ ပေပင်ရိုး-ပုဂံမျော်ကျေးရွာ ကုန်ထုတ်လမ်းကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်ကျေးလက်‌လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေပင်ရိုး-ပုဂံမျော်ကျေးရွာ ကုန်ထုတ်လမ်း(တောင်တွင်း-မြို့သစ်-နတ်မောက်လမ်းသို့ ဆက်သွယ်ထားသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဇန်နဝါရီလဆန်းပိုင်းက စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးလက်လမ်းဆောင်ရွက်ရာသို့ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိနှင့်အဖွဲ့က ကြပ်မတ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ဆွမ်းဆန်တော်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့နံနက် ၁၁ နာရီခွဲက မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဆရာတော်အား ဆွမ်းဆန်တော်နှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 15,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က မြို့ပေါ်ရှိ ဟော်တယ်၊ မိုတယ်နှင့် တည်ခိုခန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ ပညာ‌ရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန် အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက နမ့်ပန်ကျေးရွာအုပ်စု မိုင်းဝီးစေတီ-နမ့်ဖက်ကျေးရွာချင်းဆက် မြေသားလမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။