သာယာဝတီမြို့နယ်တွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့ နံနက်(၉) နာရီက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဓာတ်ပုံကျွမ်းကျင် (၂) ဦးသန့်ဇော်ဦးက အမှတ်ပေးစည်းမျဥ်းများကို ရှင်းပြခဲ့သည်။ 

ဆက်လက်၍ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား / ကျောင်းသူ (၁၀) ဦးက သက်ဆိုင်ရာခေါင်းစဥ်အလိုက် ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဦးစီးအရာရှိဒေါ်အိအိအောင်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံသွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်မှု မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)