မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေး အသိပညာဟောပြောပွဲတွင် မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူများ၏ အခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊  တားမြစ်ချက်များ၊  ကုန်အညွှန်းအမှတ်အသားများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းလုပ်ငန်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ဆက်သွယ်တိုင်းကြာနိုင်သည့် ဖုန်းနံပါတ်များကို ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသည့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ လှိုင်ဖြူဖြူမွန်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောပွဲကို မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ လှိုင်ဖြူဖြူမွန်၊ မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)