ဟင်္သာတမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိ

ဟင်္သာတ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့​က မြို့နယ်အတွင်းရှိ ခရစ်ယာန်ဘုရား ရှစ်ခိုးကျောင်းများ၊ ဗလီများ ၊ သီလရှင်ကျောင်းများ ၊ဘုန်တော်ကြီးကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် စျေးများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြိုနယ်မီးသတ်ဦးစီးဌာန သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များ၊ သက်ဆိုင်တာဝန်ရှိသူများနှင့်အတူ အဆောက်အဦများ၊ ဈေးများအတွင်းရှိ ဈေးဆိုင်ပိုင်ရှင် ပြည်သူများအား  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်ဆုံးရှုံးမှုမရှိစေရေး၊ မီးပေါ့ဆမှုမရှိစေရေး၊ လျှပ်စစ်ဝါယာလျှော့ကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှု မရှိစေရန် အသိပညာပေး ဟောပြောကြပြီးနောက် မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးသုံးစွဲမှုများအား စစ်ဆေးခြင်း၊ ရုတ်တရက် မီးလောင်မှုနှင့် ကြုံတွေ့ပါက (DCP)မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် အချက်များကို အသိပညာပေးခြင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)