သတင်းများ

ကန့်ဘလူမြို့ အ.ထ.က(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက် (၁၀) နာရီခွဲက အမှတ်( ၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။
အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးသတိရှိရေး စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Feb 14,2024
ပူပြင်းခြောက်သွေးသည့် နွေရာသီကာလ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ မီးအသုံးပြုသူ ပြည်သူများ၊ အစိုးရဌာနများနှင့် အလုပ်ရုံ/စက်ရုံများနှင့် အခြေခံပညာ ကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိပြုမူရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများအား၊ မြို့နယ်တိုင်းတွင် အရှိန်အဟုန်ဖြင့် စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ၊ ယနေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး၊ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် နှစ်ဆုံးစာပေပွဲ ဒုတိယနေ့၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉) ဦးဖြေဆို
Feb 14,2024
တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊လယ်၊မူ) ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာ၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉)ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ် ညောင်ပင်သာကျေးရွာတွင် ကပ်ပဲယို (မြေပဲယို) လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 14,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ကျေးလက်နေပြည်သူအများစုသည် ကပ်ပဲယို(မြေပဲယို) လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှကြီးမှူး၍ ယမန်နေ့ညနေ ၃ နာရီက (၃၇)ရပ်ကွက်၊  စုပေါင်းရုံးလမ်းရှိ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ဦးစီးမှူးနှင့်ဝန်ထမ်းများကို မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့၊ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံး ကျောင်းတွင်း စစ်စာမေးပွဲဖြေဆိုလျက်ရှိ
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ(၁၃)ရက်နေ့မှ စတင်ဖြေလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 14,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့်(၁)နှင့် အမှတ်စဥ်(၁၂) စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 14,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။