ပန်းတနော်မြို့၌ (SH) သတင်းဌာနမှ အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီ တာဝန်ပေး ခန့်အပ်လွှာ ပေးအပ်
Feb 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် SH သတင်းဌာန (အထူးဟစ်တိုင် သတင်း အေဂျင်စီ၊ ရှုထောင့်/အမှန်တရားသတင်းစုံဂျာနယ်)မှ တည်ဆဲဥပဒေနှင့်အညီ သတင်းအမှန်များ ရေးသားဖော်ပြနိုင်ရေး မှာကြားလမ်းညွန်ခြင်းနှင့် အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီတာဝန်ပေး ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။