ဒဂုံမြောက် ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှကြီးမှူး၍ ယမန်နေ့ညနေ ၃ နာရီက (၃၇)ရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ဦးစီးမှူးနှင့်ဝန်ထမ်းများကို မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ဝန်ထမ်းများအားလက်တွေ့ဆောင်ရွက်စေခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် ရုံးတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးစစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ