တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊ လယ်၊ မူ)ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် နှစ်ဆုံးစာပေပွဲ ဒုတိယနေ့၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉) ဦးဖြေဆို

တံတားဦး ဖေဖော်ဝါရီ ၁၄

တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ(ထက်၊လယ်၊မူ) ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာ၌ ကျောင်းသား/သူ စုစုပေါင်း (၃၅၁၂၉)ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။

အခန်းဆုံးစာမေးပွဲဖြေဆိုရာတွင် KG တန်း၊ Grade -1၊  Grade -2၊ Grade -3၊ Grade- 4၊ Grade -6၊ Grade- 7၊ Grade – 8၊ Grade-10၊ Grade-11နှင့် Grade-12 စာရင်းရှိကျောင်းသား/သူ စုစုပေါင်း(၃၅၆၇၀) ဦးရှိရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၃၅၁၂၉)ဦးရှိကြောင်း ဖြေဆိုသူ ကျောင်းသာ/သူများကို တံတားဦးခရိုင်၊ မြို့နယ်ပညာရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ/မများက  အနီးကပ်ကြီးကြပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တံတားဦးခရိုင်တွင် တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့၌ မူလတန်းအဆင့် KGတန်းမှ Grade- 4 အထိ ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း(၂၆၉၈၀)ဦး၊ အလယ်တန်းအဆင့် Grade -6 မှ Grade – 8 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၅၅၅၃)ဦး၊ အထက်တန်းဆင့် Grade-10မှ Grade-12 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၂၅၉၆)ဦး ရှိကြောင်းပါကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့်(၉၈.၂၄)ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)