သတင်းများ

ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံတာ်မှ လစဉ်ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် နွေစပါး မြစ်ရေတင်စိုက်ပျိုးရန် ပျိုးထောင်
Feb 20,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မီးသွေးတိုက်ကျေးရွာ ကွင်းအမှတ်(၁၃၁၈)ကွင်း တောင်သူ ဦးခင်မောင်ရင် လယ်ကွင်း၌ နွေစပါးမြစ်ရေတင်ဖြင့် စိုက်ပျိုးရန် ယနေ့နံနက်က ပျိုးထောင်နေကြောင်း သိရသည်။
နတ်တလင်းမြို့၌ နွေစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ နွေးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းကော်မတီနှင့် နွေစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးပစ္စည်းနှင့် ဆေးဝါးမျိုးစုံ အရောင်းဆိုင်များအား ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေး လိုက်လံစစ်ဆေး
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ဘက်ကမ်းရပ်ကွက်မင်းလမ်း၌ စက်သုံးဆီဆိုင်များနှင့် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
မင်းလှ၌ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ငှက်တော်ဦးကျေးရွာ၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငှက်တော်ဦးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်
Feb 20,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြည်သူ့ဆစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့စုရပ်၌ ကျင်းပသည်။