သတင်းများ

လပွတ္တာမြို့နယ်အတွင်းရှိ မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က လပွတ္တာမြို့အဝင်တွင် မော်‌တော်ယဉ်များ စစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဇေယျာသီရိမြို့နယ် အောင်ဇေယျာရပ်ကွက်ရှိ လယ်ယာမြေများ စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် တောင်သူများနှင့် တွေဆုံဆွေးနွေး
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ လယ်ယာမြေကွင်းအမှတ် (၁၅၉၂)ကွင်းနှင့် (၁၅၉၄)ကွင်းတို့အား  စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တွေဆုံဆွေးနွေးပွဲကို အောင်ဇေယျရပ်ကွက် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သည်။
မိုင်းယုမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး ဟောပြော
Feb 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် တောင်ယာနှင့် တောမီးများမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ နွေစပါး(GW.11)စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် နွေစပါးထွက်နှုန်းတိုးတက်စေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် မင်းရွာစိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ နွေစပါးအထွက်တိုးမျိုး(GW.11) စိုက်ပျိုးထားရှိသည့်အခြေအနေများအား ယနေ့တွင် တာဝန်ရှိသူများက ညောင်ကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
 ကွမ်းရွက်ဈေး (၁)ပိသာငွေကျပ် (၁၈၀၀၀)ကျပ်မှ(၂၀၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေ
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေး (၁)ပိဿာငွေကျပ် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
မိုင်းဆတ်မြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ် ဆောင်ရွက်
Feb 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ယနေ့နံနက်(၁၁)နာရီခွဲက အ.ထ.က-ခွဲ(လ-၂) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။