သတင်းများ

ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကျင်းပ
Feb 20,2024
ပြည်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်မှုများပိုမိုရရှိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်များပိုမိုတိုးပွားရရှိလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများနှင့် တိုင်းရင်းသားရိုးရာအစားအစာများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်သော ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံဈေးရောင်းပွဲတော်ကို ယနေ့နက်ပိုင်းက ယင်းတက္ကသိုလ် အားကစားခန်းမရုံအနီး ကွင်းပြင်၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံ မိသားစုများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ကွန်ဟိန်းမြို့(Community Centre)ခန်းမ၌ လူငယ်နဲ့အပြောင်းအလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Feb 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ Book Club အဖွဲ့တို့နှင့် ပူးပေါင်း၍ မောင်မင်းစိုးရေးသားသော လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်ရှိ ​မြို့​ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက၊ အမှတ်(၁)နှင့် အမှတ်(၃) ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ
Feb 20,2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကျမည့် ကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လုပ်ငန်းညှိနိူင်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ခုနှစ် နွေစပါးလျာထားဧက (၂၂၅၇) ဧကရှိပြီး စိုက်ပျိုးပြီးဧက (၁၈၃၁) ဧက စိုက်ပျိုးပြီးစီး
Feb 20,2024
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၄-ခုနှစ် နွေစပါးလျာထားဧက (၂၂၅၇) ဧကရှိပြီး စိုက်ပျိုးပြီးဧက (၁၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အဆင့်ကျေးရွာများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Feb 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊  လျှပ်စစ်မီးနှင့် ထင်းမီးများကို စနစ်တကျသုံးစွဲစေရေး၊ မီးသတ်ဆေးဘူးများထားရှိစေ၍ အသုံးပြုမှု မှန်ကန်စေရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ဇေယျာသီရိမြို့နယ်၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းကန်ဦးပရိယတ္တိစာသင်တိုက်၌ ဥပ္ပါတသန္တိဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့၌ ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ ရိတ်သိမ်းတစ်ဧကလျှင် တင်း ၃၀ ကျော် အထွက်နှုန်းရရှိ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးမှုဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧက (၁၈၅၉) ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်တွင် ရိတ်သိမ်းဧက (၁၁၁၅) ဧကရိတ်သိမ်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။