သတင်းများ

အိမ်မဲမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် တစ်အိမ်တက်ဆင်း စစ်ဆေး ဆောင်ရွက်
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ပိုင်းက ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်း ကျေးရွာတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker များကပ်ခြင်းဆောင်ရွက်
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191) Stickerများဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဈေးလမ်းဆုံ၊ ကံ‌ပေါက်လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်
Feb 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား တီးတိန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
Feb 20,2024
ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကမ်းဟောက်ခန်းမတွင် ယနေ့နံနက် (၉)နာရီက ကျင်းပြုလုပ်သည်။ ဦးစွာ (Zo Lau Kha PaaL Lun Ding Hi) သီချင်းအား အခမ်းအနား အဖွင့်သီချင်းအဖြစ် သီဆိုကြပြီး ချင်းပြည်နယ် (၉) မြို့နယ် ကိုယ်စားပြု သဘာပတိအဖွဲ့များက နေရာယူကြသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေး
Feb 20,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက အမက ပြည်တော်အေးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမီးသတ်ဦးစီးဌာနမှ နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။