သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် Mandalay Earthquake Clinic Closing Ceremory  နှင့် ငလျင်ပြီးနောက် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော Volunteers များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Sep 14,2025
Mandalay Earthquake Clinic Closing Ceremory နှင့် ငလျင်ပြီးနောက် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးခဲ့သော Volunteers များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပုလောမြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ နာဂကလျာဏီသိမ်တော်ဘုရားကုန်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချ
Sep 14,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို စိုက်ပျိုးချိန်အမီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲခွင့် ရရှိစေရန်နှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာအိတ်များကို ‌သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
(၆၁) နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 14,2025
အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် နှစ်(၆၁)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်ဦးဆောင်မှုဖြင့် တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး သွေးလှူဒါန်းခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 14,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပါဝင်သည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကျောင်းပေါင်းစုံသင်တန်းဆင်းပွဲကျင်းပ
Sep 14,2025
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကျောင်းပေါင်းစုံသင်တန်းဆင်းပွဲနှင့် သင်တန်းမှ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ချီးမြှင့်
Sep 14,2025
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ဦးဆောင်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့၊ အမှတ်(၁၄)သတင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ၊ အမှတ်(၁၅)မှုခင်းတပ်ဖွဲ့စု၊ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနှင့် အမှတ်(၁၈)ယမန်နေ့နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 14,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။