သတင်းများ

မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်၌ အုတ်မြစ်ချ၊ ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ
Sep 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လောကချမ်းသာစေတီတော်မြတ်ကြီး အုတ်မြစ်ချ၊ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့နယ် ဈေးကုန်းကျေးရွာတွင် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေး၍ လက်တွေ့စမ်းသပ်မဲပေး
Sep 14,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့် ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိန်းဆည်ကျေးရွာအုပ်စုရှိ ဈေးကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ
Sep 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်မြေသို့ ပြောင်းလဲနိုင်ရေး ကွင်းဆင်ကြည့်ရှုစစ်ဆေး
Sep 14,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ တောညုအုပ်စု၊ အင်နမ့်ခမ်းကျေးရွာနေ ဒေသခံတောင်သူများ စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေအား လယ်ယာမြေအဖြစ်သို့ ပြောင်းလဲနိုင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အမာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ညနေ (၃) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေ ကျောက်တုံးကြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 14,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင်အဖွဲ့လိုက်ပါပြီး ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်း သွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏  အောက်ခြေ ကျောက်တုံးကြီးအား ဘေးပတ်ဝန်းကျင်အန္တရာယ် မဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 14,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။