ပဲခူး မေ ၁၄
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စာဖတ်ဝိုင်းတွင် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းအား ပြုလုပ်ရာ Book Club အဖွဲ့ဝင် စာရေးဆရာ ဦးထိန်လင်း လင်းအာရုဏ်ဦး (ပဲခူး) က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Book Club အဖွဲ့မှ ဦးမျိုးအာကာက စာအုပ်ပါဆရာနှင့် ပတ်သတ်သည့် အတွေးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သဇင်မြင့်အောင်က စာသင်ရာမှာ ရယ်မောစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသီဟဇော်က မြန်မာစာပုံဖော်ပြသော သဘာဝဝန်းကျင်အလှကွက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးလင်းထက်က ဖတ်စာကဗျာကြည်နူးစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရဲသူထက်က ဂုဏ်ယူစရာကြိုးစားစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးထိန်းလင်း (ကံထူးမောင်မောင်) က လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ လူညိုယဉ် (ပဲခူး) က ဆရာနှင့် ပတ်သတ်သည့်အတွေးများ၊ စာရေးဆရာ နေနွယ်မောင်က ကံရာဇာငယ်၏ အလှုမဏ္ဍပ်ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ စာရေးဆရာ ဦးထိန်လင်း (လင်းအာရုဏ်ဦး) (ပဲခူး)နှင့် စာရေးဆရာ ဦးထိန်လင်း (ကံထူးမောင်မောင်) တို့က မေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ထက်အောင်လင်း (ပြန်/ဆက်)