သတင်းများ

မကွေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သင်တန်းဖွင့်လှစ်ပို့ချ
May 14,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် တာဝန်ယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ သင်တန်းဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ချမ်းအေးသာစံမြို့နယ်၌ မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 14,2026
ချမ်းအေးသာစံမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မင်းလှမြို့နယ်၌ ရက် (၁၀၀) စီမံချက်အရ ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေး
May 14,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မွေးမြူရေးနှင့်ကုသဦးစီးဌာနက ရက် (၁၀၀) စီမံချက်အရ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ကူးစက်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ပဲပုပ်စိုက်ခင်းများ စတင်ရိတ်သိမ်း
May 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မေလအစောပိုင်းကစတင်ကာ ပဲပုပ်စိုက်ခင်းများကို စတင်ရိတ်သိမ်းလျက်ရှိပြီး ချွေလှေ့ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအလယ်တန်းဆင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 14,2026
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်းဆင့်(စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ရာဇာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (မြို့နယ်အဆင့် ဆင့်ပွား) ဖွင့်ပွဲအခမ်းအနားကျင်းပ
May 14,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခြေခံပညာမူလတန်းဆင့်သင် KG နှင့် Grade-1 ဆရာ၊ ဆရာမများအတွက် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (မြို့နယ်အဆင့် ဆင့်ပွား) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ခွဲ)၊ အ.လ.က (၉)ကျောင်း၌ ကျင်းပသည်။
ကော့ကရိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းဖွင့်လှစ်
May 14,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ KG ၊ Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉နာရီက ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။
သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 14,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။